Saturday, August 8, 2009

-ဘ၀တစ်ခု အစပြုရန်
ဖြစ်တည်လာခဲ့ (၉)လအကြာ...
အပြစ်မသိ အမှားမရှိ
မြူမှုန်ကင်းစင် စိတ်အစဉ်သည်
သီတာရေကြည် ပမာသို့တည်း

-လူလားမြောက်လာ ထိုအခိုက်၌
နဂိုပီဘိ ချစ်ခင်စဖွယ်
ကလေးငယ်သည်
ပကတိမှ အရောင်ပြောင်းလာ
နီးနားဝန်းကျင် ပုံသွင်းသည်တွင်
မှုန်းချယ်စုံလင် ပန်းချီသွင်သို့
အတတ်အစုံ ပညာအစုံ
အဖုံဖုံကို ဆေးရောင်စုတ်ချက်
ထပ်ပြီးတစ်ချက် ရုပ်လုံးထင်ရှား
အပြစ်များသည်
မြူမှုန်ကင်းခဲ့ ကလေးငယ်ရဲ့
အတိတ်ကာလ ထိုခဏကို
လကိုတိမ်ဖုံး အရောင်ဆိုးကာ
အကောင်းအဆိုး ရောယှက်နေပြီ
္နနှမျောအတိ ဖြစ်ရပါသော
အနာဂါတ်၏ သားယောက်ျားသည်
ငါ၏ချစ်လှစွာသော.....