Tuesday, September 30, 2008

အပြင်လူ မ၀င်ရ

နင်ဟာ
မခေါ်ဘဲနဲ့ ငါ့နှလုံးသားထဲဝင်လာခဲ့တယ်
စကား တစ်ခွန်းတောင် မဟရသေးခင်......

အခုလည်း
မနှင်ဘဲနဲ့ ထွက်သွားပြန်ပြီ
နှုတ်ဆက်တဲ့ အရိပ်အယောင်တောင် မပြဘဲ.....

ဒီအတိုင်း ကျန်ခဲ့ရမှာထက်စာရင်
ငါမမျှော်လင့်တဲ့ စကားတစ်ခွန်းလောက်
ပြောခဲ့တာမှ
သိက္ခာရှိရှိ ရှုံးရမယ်.....

ငါနင့်ကို တောင်းဆိုတာမဟုတ်ပါဘူး
ရင်ထဲရှိတာ ချပြရုံသက်သက်ပါပဲ

အခုတော့
ဆိုင်းဘုတ်တစ်ခုတပ်ရဦးမယ်....

(p.s) ရေးဖူးသမျှထဲမှာ အနှစ်သက်ဆုံးကဗျာအဖြစ်...တစ်ပုဒ်အပါအ၀င်ပေါ့