Showing posts with label from my 6th publication. Show all posts
Showing posts with label from my 6th publication. Show all posts

Friday, January 15, 2010

အရာရာဟာ
ကြယ်စင်တစ်လက်လို ကြွေတယ်
ဖန်မီးအိမ်လေး မနိုင့်တနိုင်နဲ့ပေါ့
ကလေးဘ၀တုန်းက
ဘယ်လိုချစ်ရမယ်ဆိုတာ မသိဘူး
တကယ်သိတဲ့ အရွယ်ကျတော့
နောက်ပြန်မဆုတ်တတ်ဘူး.....
ဒါပေမဲ့လည်း
လူတိုင်းအဆိပ်သင့်ခံဖို့ အဆင်သင့်ပဲ
ပိတောက်တွေ တစ်ခါထပ်ပွင့်တယ်
မြစ်တစ်စင်းပေါ်မှာ သံစဉ်တွေနဲ့အတူ
မျောဝင်ပြန်တယ်
ဘယ်နှစ်ခါ ဆက်ပြီးတွဲထားနိုင်မလဲ.....!
အဲဒီအိပ်မက်ထပ်မက်တဲ့အခါ
စိုးရိမ်ရေမှတ်လွန်တယ်
တခမ်းတနားကြီး အံ့သြချင်တယ်.......
ပဲ့တင်သံလေးပြန်ပေးပါ
"ချစ်တယ်"........လို့