Friday, January 15, 2010

အရာရာဟာ
ကြယ်စင်တစ်လက်လို ကြွေတယ်
ဖန်မီးအိမ်လေး မနိုင့်တနိုင်နဲ့ပေါ့
ကလေးဘ၀တုန်းက
ဘယ်လိုချစ်ရမယ်ဆိုတာ မသိဘူး
တကယ်သိတဲ့ အရွယ်ကျတော့
နောက်ပြန်မဆုတ်တတ်ဘူး.....
ဒါပေမဲ့လည်း
လူတိုင်းအဆိပ်သင့်ခံဖို့ အဆင်သင့်ပဲ
ပိတောက်တွေ တစ်ခါထပ်ပွင့်တယ်
မြစ်တစ်စင်းပေါ်မှာ သံစဉ်တွေနဲ့အတူ
မျောဝင်ပြန်တယ်
ဘယ်နှစ်ခါ ဆက်ပြီးတွဲထားနိုင်မလဲ.....!
အဲဒီအိပ်မက်ထပ်မက်တဲ့အခါ
စိုးရိမ်ရေမှတ်လွန်တယ်
တခမ်းတနားကြီး အံ့သြချင်တယ်.......
ပဲ့တင်သံလေးပြန်ပေးပါ
"ချစ်တယ်"........လို့

Friday, January 8, 2010

အမှတ်တရ

အိမ်ပြန်လာချိန် တံခါးစောင့်ဖွင့်ပေးမဲ့သူ
မရှိတာကြာပြီ....
မနက်ဖြန်ဆို...အသက်တစ်နှစ်တိုးတယ်....
ဒီကာလမှာ.....အရိပ်ကလေးပေးတဲ့
ကံကြမ္မာကို...ချီးမွမ်းမယ်..
ကိုယ့်ရဲ့ မိသားစု.....
အတိုင်းထက်အလွန် ကံကောင်းခဲ့ပါတယ်
ကျေးဇူး....မေမေ

Saturday, August 8, 2009

-ဘ၀တစ်ခု အစပြုရန်
ဖြစ်တည်လာခဲ့ (၉)လအကြာ...
အပြစ်မသိ အမှားမရှိ
မြူမှုန်ကင်းစင် စိတ်အစဉ်သည်
သီတာရေကြည် ပမာသို့တည်း

-လူလားမြောက်လာ ထိုအခိုက်၌
နဂိုပီဘိ ချစ်ခင်စဖွယ်
ကလေးငယ်သည်
ပကတိမှ အရောင်ပြောင်းလာ
နီးနားဝန်းကျင် ပုံသွင်းသည်တွင်
မှုန်းချယ်စုံလင် ပန်းချီသွင်သို့
အတတ်အစုံ ပညာအစုံ
အဖုံဖုံကို ဆေးရောင်စုတ်ချက်
ထပ်ပြီးတစ်ချက် ရုပ်လုံးထင်ရှား
အပြစ်များသည်
မြူမှုန်ကင်းခဲ့ ကလေးငယ်ရဲ့
အတိတ်ကာလ ထိုခဏကို
လကိုတိမ်ဖုံး အရောင်ဆိုးကာ
အကောင်းအဆိုး ရောယှက်နေပြီ
္နနှမျောအတိ ဖြစ်ရပါသော
အနာဂါတ်၏ သားယောက်ျားသည်
ငါ၏ချစ်လှစွာသော.....

Tuesday, June 23, 2009

သစ်ပင်တွေတောင်
မီးခိုးရောင်မှိုင်းနေကြပြီ
ကောင်းကင်ရဲ့ ဆန္ဒကို သတိမပြုမိဘဲ
လှိုက်လှဲစွာ ၀ဲပျံခဲ့ဖူးပြီ......

လက်တွေ ဖြုတ်ချပေးပါ
တဆိတ်သွားပါရစေ
အိပ်မက်တွေ အရောင်ပြောင်းတဲ့အခိုက်
အလှည့်အပြောင်းလေးဖြစ်အောင်....

ထားလိုက်ပါ
ဘယ်သူဘယ်ဝါမှန်းမသိတော့
အလင်းဆိုတာလည်း မလိုအပ်ပါဘူးလေ။ ။

Monday, June 22, 2009

လွမ်းစရာလေးတွေ


....Forward mail က ရတဲ့ပုံတွေပါ
တစ်ချို့ တ၀က်ကို ငယ်ခါတုန်းက မှီလိုက်ပါသေးတယ်...ငွေအကြွေစေ့ဆိုတာ
အသုံးတည့်လို့ပဲ ထွင်ထားကြတာ မဟုတ်ဘူးလား? MRT card ကုန်လို့ Bus ပေါ်မှာ အရေးပေါ်လိုတဲ့အခါ..
vending machine မှာ အအေးဝယ်လို့

စသည်ဖြင့်ပေါ့လေ....Tissueထုတ်...
ချိုချဉ်ထုတ်...ပေးစီးကြည့်ပါလား..ဆေးရုံ
တန်းပို့ကြမှာ..ဖောက်သွားပြီဆိုပြီး..း(
သူ့အရပ်နဲ့ သူ့ဇါတ်ပဲလားတော့မသိ?
ဒီလိုဆို...ငွေမပြည့်တဲ့အခါ..Tissue..ချိုချဉ်
တွေ ဒါဇင်လိုက်ဆောင်သွားကြပေါ့...
ဒါကြတော့ မရဘူးလား?

မေးကြည့်ပေးကြပါ.....







တုံ့ ပြန်မှု သီအိုရီ


  • စိတ်ကူးတွေ သက်တမ်းကုန်ဆုံးသွားတဲ့အခါ
  • အတောင်ပံတွေ ရေစိုသွားတဲ့အခါ
  • ဆန္ဒတွေ နာကျင်သွားတဲ့အခါ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်
ပုံသွင်းဖန်တီးချင်ပေမဲ့
ဗလာထည်သက်သက်ကိုမှ
ရှေ့ရောက်ချင်ဇောနဲ့
တစ်လှမ်းတိုးဖြစ်နေတာ.....
ဒီဘူတာမှ ရပ်မယ်လို့
ဥသြဆွဲထားပေမဲ့
အလံပြတဲ့သူကမရှိရှာဘူး
ဒီလိုနဲ့ပဲ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်.....

စိုးထိတ်မှု

အလင်းရောင်လေး မြင်တဲ့အခါ
မှုန်တလှည့်
ပြာတလှည့်.....
ရာသီဥတုက ကိုယ့်ဘက်ပါတယ်လို့
ဘယ်တော့မှ မတွေးတော့ဘူး-
သူ့ရဲ့ အဖြေမသိတဲ့ ပုစ္ဆာတွေကို
တွက်မိတဲ့ အခါ
နေရာလေးတောင်ရှိပါ့မလားဆိုပြီး
ပင့်သက်ရှိုက်မိတာလည်း
မိုးသောက်တယ်
လရိပ်ကျတာခြင်းအတူတူ
ကြယ်တွေမမြင်ရဘူး
ကိုယ်က အရှေ့ဘက်ခြမ်းမှာရပ်နေမိတာကိုး
အာဒမ်က သူ့ရဲ့ နံရိုးတစ်ချောင်းကို
ချစ်တယ်လို့ ပြောခဲ့ပါသလား?
သြော်......
ကျမ်းစာတောင် ကံကောင်းနေပါ့ရော...
ဒီလိုနဲ့ တစ်ပွင့် နှစ်ပွင့်ကြွေ......