Wednesday, May 6, 2009

အသက်ရှုတတ်ရုံလောက်နဲ့
သစ်ပင်တစ်ပင် မဖြစ်ချင်ပါဘူး
သူတပါးအရိပ်ကို ခိုဖူးတဲ့အခါမှာပေါ့

အချမ်းပြေရုံလောက်နဲ့
စောင်တစ်ထည် မဖြစ်ချင်ပါဘူး
သူတပါးကြောင့် လုံခြုံမှုရတဲ့အခါမှာပေါ့

အရည်ပျော်တတ်ရုံနဲ့
ဖယောင်းတိုင် မဖြစ်ချင်ပါဘူး
သူတပါးကြောင့် အလင်းရောင်ရတဲ့အခါမှာပေါ့

ကျေးဇူးဆိုတတ်ရုံနဲ့
လူမဖြစ်ချင်ပါဘူး
သူတပါးရဲ့ အကူအညီကိုရတဲ့အခါတိုင်းမှာပေါ့