skip to main |
skip to sidebar
အိမ်ပြန်လာချိန် တံခါးစောင့်ဖွင့်ပေးမဲ့သူမရှိတာကြာပြီ....မနက်ဖြန်ဆို...အသက်တစ်နှစ်တိုးတယ်....ဒီကာလမှာ.....အရိပ်ကလေးပေးတဲ့ကံကြမ္မာကို...ချီးမွမ်းမယ်..ကိုယ့်ရဲ့ မိသားစု.....အတိုင်းထက်အလွန် ကံကောင်းခဲ့ပါတယ်ကျေးဇူး....မေမေ
အလင်းရောင်လေး မြင်တဲ့အခါမှုန်တလှည့်ပြာတလှည့်.....ရာသီဥတုက ကိုယ့်ဘက်ပါတယ်လို့ဘယ်တော့မှ မတွေးတော့ဘူး-သူ့ရဲ့ အဖြေမသိတဲ့ ပုစ္ဆာတွေကိုတွက်မိတဲ့ အခါနေရာလေးတောင်ရှိပါ့မလားဆိုပြီးပင့်သက်ရှိုက်မိတာလည်းမိုးသောက်တယ်လရိပ်ကျတာခြင်းအတူတူကြယ်တွေမမြင်ရဘူးကိုယ်က အရှေ့ဘက်ခြမ်းမှာရပ်နေမိတာကိုးအာဒမ်က သူ့ရဲ့ နံရိုးတစ်ချောင်းကိုချစ်တယ်လို့ ပြောခဲ့ပါသလား?သြော်......ကျမ်းစာတောင် ကံကောင်းနေပါ့ရော...ဒီလိုနဲ့ တစ်ပွင့် နှစ်ပွင့်ကြွေ......
ဒီဘက်မှောင်ရိပ်ကကမ္ဘာတစ်ဘက်စွန်းကျလွန်းတယ်please...အထွတ်အမြတ်ဆိုတဲ့နေ့ကစလို့မုတ်သုန်တွေ ပစ်စလက်ခတ်ဖြစ်ထွန်းတယ်မရည်ရွယ်ဘဲ ခက်တဲ့ပုစ္စာရယ်မှတ်မှတ်ရရအကွာအဝေးအစသင်္ခါရထဲ....... ။တရံတခါထိုအငွေ့အသက်ကိုရှင်းရှင်းသန့်သန့်မခံစားရတော့မှာမို့နှမျောမိရုံ...တစ်ခုပါပဲအပ်ဖျားက ရက်ရက်စက်စက်ထက်တော့လည်းလိပ်ပြာလေး ပျောက်သွားတယ်...အဲဒီနေ့ကပေါ့..
၁......မသိလိုဘူး၂......မသိချင်ဘူး၃......မသိသင့်ဘူး၎...............ဘူး၅......၁ ကပြန်စပါ ။နတ်သမီးတဲ့လင်းလွန်းပင်ခြေရင်းက....ပုံပြင်ထဲကလိုတော့အပြစ်ကင်းမနေဘူး....လိုချင်မှုတွေ ထပ်ခါ ထပ်ခါပွင့်တယ်သူမရဲ့ အနားမှာ.....ဤပန်းမနမ်းရကိုယ်တိုင်အဆိပ်သင့်နေတဲ့ကျိန်စာတစ်ပုဒ်ပါဒါဆို... တယောဆရာလည်းကိုယ်ချင်းစာတတ်ရောပေါ့လှလှပပဖျားတတ်ဖို့ သဘာဝကသင်ပေးတယ်ဒါပေမဲ့....Who care?
တစတစဝေးကွာသွားပြီ-သော့ကလေးခတ်ထားပြီးတစ်ယောက်တည်းဆို ဖြစ်မလားရှင်သန်ခြင်းနေ့ရက်တွေထဲနွေးထွေးမှုမှ မခံစားရရင်ဒီအရိပ် ဘယ်လိုကြီးထွားမလဲ!ကြောက်ဖို့ကောင်းတဲူ့လူသတ်သမားတွေလည်းရှိတယ်ဓားကိုယ်စီကိုနောက်ကျောကနေ၀ှက်လို့ထားရဲ့
စိတ်အချင်းချင်းပေါင်းခဲ့သူမို့ဘာတွေ ဘယ်လိုဆိုတာမတွက်ခဲ့မိပါဘူးသြော်...ဖြစ်မှဖြစ်ရလေ...
ဒီနေ့ မှာ Capricorn လေး လူ့လောကထဲ ရောက်လာပါတယ် :)post တင်ဖို့ရာ ကဗျာစာအုပ် ပျောက်နေတဲ့ အတွက်...သီချင်းပဲ လောလောဆယ်တင်ခဲ့ပါတယ်.. အားလုံးပဲ "make a wish..."
ရေတစ်စက်ထက်ဒီ ရေတစ်စက်ကျသံကပိုကျယ်လောင်တယ်ယုံတမ်းစကားပြောကြေးဆိုရင်ဘတ်ထဲက နားထောင်ပေးပေါ့အရာရာဟာ မိုင်ပေါင်းထောင်ချီဝေးတယ်တဲ့ငါ့ကမ္ဘာအတွက်တော့လတစ်စင်းပါပဲတွယ်တာခြင်းကြိုးမျှင်တွေ.....ကျေးဇူးပြု၍အဝေးမှာနေပေးပါပင့်ကူတစ်ကောင်အသုံးဝင်ဖို့ဆိုဘာဘောင်တွေ သတ်မှတ်ထားလို့လဲ ?တိတ်တိတ်လေးပဲ ရပ်ပေးပါနံရံတစ်ဘက်မှာ....၀င်သက်ထွက်သက်ဖြစ်နေလိမ့်မယ်ဘာပဲပြောပြောပေါ့......
သိုးကလေးကဘာအလိုရှိပါသလဲတဲ့အရာရာငြင်းခွင့်ရှိတဲ့ကိုယ်ကဒီတစ်ခါတော့ မဖြေနိုင်ရှာတော့ဘူး....နစ်တွယ်ခဲ့ဖူးတဲ့အတိတ်ကိုတောင်ပြန်မစဉ်းစားမိဘူးနောက်ပြန်လှည့်ကြည့်ရဲသူအတွက်ဘာအခွင့်အရေးပြုရပါ့မလဲ ?Venus တောင်ဖြေ၀ံ့မယ်မဟုတ်ဘူးပိုခက်ခဲမယ့်ပုစ္ဆာကိုတွက်ဖို့သတ္တိရှိခဲ့တယ်ပဲဆိုဆိုနားလည်မှုသီအိုရီအကြောင်းချပြချင်လို့ပဲဆိုဆို.........အဖြေမှန်ကို အမှတ်ခြစ်ပေးဖို့တွန့်ဆုတ်နေရှာရဲ့.......မှင်နီလေးလည်း ငိုပေါ့
ဖြူလွှနေတဲ့အရာတွေအမြဲတိတ်ဆိတ်နေမယ်တဲ့လား ?ဖွင့်ဟဖို့မလိုတဲ့အခါအကြည့်တွေကို လွှဲလိုက်ပါနံရိုးတစ်ချောင်းကတစ်ချောင်းကို စကားပြောတယ်တဲ့အလေးထားမှုခြင်းတော့ ကွာတယ်မဟုတ်လား?အချိန်တန်တော့ငါ့ကမ္ဘာမှာအနီရောင် ဖုံးလွှမ်းပါစေဟိုတစ်ဘက်ကမ်းကစကြာဝဠာဖြစ်နေရင်တောင်ဒီသတင်းစကားဟာအသင့်ဆီသို့ လွင့်ပါစေသား_
ံ
တယောက်သောသူအတွက် (၅)အုပ်မြောက်ကဗျာစာအုပ်လေးထုတ်ဖြစ်ခဲ့ပါတယ်ခုတော့ နှုတ်ဆက်တဲ့အနေနဲ့ ဒီသီချင်းပဲတင်လိုက်တာပါ...ကဗျာရေးရလောက်အောင် ...ဘာမှထင်ကျန်မနေလို့လေ...Rihanna ရဲ့Take A Bow ပါ...ဒါလေးက ခွန်အားတွေ...ဖြစ်စေတယ် :)
အိပ်မက်ထဲတောင် ပါခွင့်မရရင်ငါ့ရာဇ၀င်ကို ပြောင်းပြန်လှန်ပစ်လိုက်မယ်အဲဒီအရောင်တွေ နောက်ကအဖြူရောင်ရှိလားပဲသိချင်တာ.....အခါးတ၀က် အချိုတ၀က်လာမလုပ်နဲ့ဆရာကျလွန်းမှန်းသိတယ်ဗေဒင်သွားမေးစရာမလိုဘူးရိုးသားတဲ့ တပည့်ဖြစ်ခဲ့လားပဲ သိချင်တာ.......လိုအပ်လို့ ရီစရာလုပ်တာလားဗီဇကိုကပါလို့လားငါ့ဇာတ်ခုံပေါ်တော့ ပျက်လုံးလာထုတ်တာရှောင်ပါငါ့ဇာတ်လမ်းမှာ ငါပဲ မင်းသမီးဖြစ်ချင်လို့ပါ ။ ။
အရေးပါတယ် မပါဘူးဆိုတာဝစ္စနှစ်လုံးပေါက်ပဲ ခြားတယ်အဲဒီကြယ်ဆီရောက်ဖို့မိုးပျံပူဖောင်းဖြစ်စရာ မလိုပါဘူးဆန္ဒမှာဘာကွန့်မြူးမလဲနဲ့ပဲဆိုင်တယ်မနက်ခင်းကိုဝင်ဖို့စိတ်ကူးသက်သက် တံခါးခေါက်နေရင်လည်းသိပ်ကိုပင်ပန်းနေဦးမယ်မငိုပါနဲ့ကွယ်သမုဒ္ဒရာဆိုတာ မျက်ရည်ကလာတာမဟုတ်ဘူးလက်ခံတတ်ရင်နေကောင်းသွားမယ်ကိုယ်တို့မြို့မှာ - ၆နာရီဆိုလင်းတဲ့မီးတွေလိုပေါ့ ......
လောကကြီးက မတရားတာလားမောင်က မငဲ့ညှာတတ်တာလားလောကကြီးက ပရိယာယ်များတာလားမောင်က အရှုပ်တွေလုပ်တာလားလောကကြီးက ဥပေက္ခာသမားလားမောင်က အသည်းနှလုံးမရှိတာလားတောင်းဆိုတတ်ရင် ထောက်ထားတတ်ရတယ် မောင်ရဲ့ပြန်ပေးစရာမလိုဘူးချစ်တတ်ဖို့ပဲ လိုတယ်သနားစရာမလိုဘူးနားလည်ပေးဖို့ပဲ လိုတယ်သစ္စာရှိစရာမလိုဘူးဘာဆိုတာသိဖို့ပဲလိုတယ်ဘယ်သူတွေ ဘာပြောပြောမောင့်ဘက်က ရပ်တည်ပေးတဲ့အခိုက်မှာမ အသက်ရှုသံကိုတော့ အားနာတတ်ဖို့ကောင်းတယ် ။ ။