Saturday, August 8, 2009

-ဘ၀တစ်ခု အစပြုရန်
ဖြစ်တည်လာခဲ့ (၉)လအကြာ...
အပြစ်မသိ အမှားမရှိ
မြူမှုန်ကင်းစင် စိတ်အစဉ်သည်
သီတာရေကြည် ပမာသို့တည်း

-လူလားမြောက်လာ ထိုအခိုက်၌
နဂိုပီဘိ ချစ်ခင်စဖွယ်
ကလေးငယ်သည်
ပကတိမှ အရောင်ပြောင်းလာ
နီးနားဝန်းကျင် ပုံသွင်းသည်တွင်
မှုန်းချယ်စုံလင် ပန်းချီသွင်သို့
အတတ်အစုံ ပညာအစုံ
အဖုံဖုံကို ဆေးရောင်စုတ်ချက်
ထပ်ပြီးတစ်ချက် ရုပ်လုံးထင်ရှား
အပြစ်များသည်
မြူမှုန်ကင်းခဲ့ ကလေးငယ်ရဲ့
အတိတ်ကာလ ထိုခဏကို
လကိုတိမ်ဖုံး အရောင်ဆိုးကာ
အကောင်းအဆိုး ရောယှက်နေပြီ
္နနှမျောအတိ ဖြစ်ရပါသော
အနာဂါတ်၏ သားယောက်ျားသည်
ငါ၏ချစ်လှစွာသော.....

Tuesday, June 23, 2009

သစ်ပင်တွေတောင်
မီးခိုးရောင်မှိုင်းနေကြပြီ
ကောင်းကင်ရဲ့ ဆန္ဒကို သတိမပြုမိဘဲ
လှိုက်လှဲစွာ ၀ဲပျံခဲ့ဖူးပြီ......

လက်တွေ ဖြုတ်ချပေးပါ
တဆိတ်သွားပါရစေ
အိပ်မက်တွေ အရောင်ပြောင်းတဲ့အခိုက်
အလှည့်အပြောင်းလေးဖြစ်အောင်....

ထားလိုက်ပါ
ဘယ်သူဘယ်ဝါမှန်းမသိတော့
အလင်းဆိုတာလည်း မလိုအပ်ပါဘူးလေ။ ။

Monday, June 22, 2009

လွမ်းစရာလေးတွေ


....Forward mail က ရတဲ့ပုံတွေပါ
တစ်ချို့ တ၀က်ကို ငယ်ခါတုန်းက မှီလိုက်ပါသေးတယ်...ငွေအကြွေစေ့ဆိုတာ
အသုံးတည့်လို့ပဲ ထွင်ထားကြတာ မဟုတ်ဘူးလား? MRT card ကုန်လို့ Bus ပေါ်မှာ အရေးပေါ်လိုတဲ့အခါ..
vending machine မှာ အအေးဝယ်လို့

စသည်ဖြင့်ပေါ့လေ....Tissueထုတ်...
ချိုချဉ်ထုတ်...ပေးစီးကြည့်ပါလား..ဆေးရုံ
တန်းပို့ကြမှာ..ဖောက်သွားပြီဆိုပြီး..း(
သူ့အရပ်နဲ့ သူ့ဇါတ်ပဲလားတော့မသိ?
ဒီလိုဆို...ငွေမပြည့်တဲ့အခါ..Tissue..ချိုချဉ်
တွေ ဒါဇင်လိုက်ဆောင်သွားကြပေါ့...
ဒါကြတော့ မရဘူးလား?

မေးကြည့်ပေးကြပါ.....







တုံ့ ပြန်မှု သီအိုရီ


  • စိတ်ကူးတွေ သက်တမ်းကုန်ဆုံးသွားတဲ့အခါ
  • အတောင်ပံတွေ ရေစိုသွားတဲ့အခါ
  • ဆန္ဒတွေ နာကျင်သွားတဲ့အခါ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်
ပုံသွင်းဖန်တီးချင်ပေမဲ့
ဗလာထည်သက်သက်ကိုမှ
ရှေ့ရောက်ချင်ဇောနဲ့
တစ်လှမ်းတိုးဖြစ်နေတာ.....
ဒီဘူတာမှ ရပ်မယ်လို့
ဥသြဆွဲထားပေမဲ့
အလံပြတဲ့သူကမရှိရှာဘူး
ဒီလိုနဲ့ပဲ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်.....

စိုးထိတ်မှု

အလင်းရောင်လေး မြင်တဲ့အခါ
မှုန်တလှည့်
ပြာတလှည့်.....
ရာသီဥတုက ကိုယ့်ဘက်ပါတယ်လို့
ဘယ်တော့မှ မတွေးတော့ဘူး-
သူ့ရဲ့ အဖြေမသိတဲ့ ပုစ္ဆာတွေကို
တွက်မိတဲ့ အခါ
နေရာလေးတောင်ရှိပါ့မလားဆိုပြီး
ပင့်သက်ရှိုက်မိတာလည်း
မိုးသောက်တယ်
လရိပ်ကျတာခြင်းအတူတူ
ကြယ်တွေမမြင်ရဘူး
ကိုယ်က အရှေ့ဘက်ခြမ်းမှာရပ်နေမိတာကိုး
အာဒမ်က သူ့ရဲ့ နံရိုးတစ်ချောင်းကို
ချစ်တယ်လို့ ပြောခဲ့ပါသလား?
သြော်......
ကျမ်းစာတောင် ကံကောင်းနေပါ့ရော...
ဒီလိုနဲ့ တစ်ပွင့် နှစ်ပွင့်ကြွေ......

Wednesday, May 6, 2009

အသက်ရှုတတ်ရုံလောက်နဲ့
သစ်ပင်တစ်ပင် မဖြစ်ချင်ပါဘူး
သူတပါးအရိပ်ကို ခိုဖူးတဲ့အခါမှာပေါ့

အချမ်းပြေရုံလောက်နဲ့
စောင်တစ်ထည် မဖြစ်ချင်ပါဘူး
သူတပါးကြောင့် လုံခြုံမှုရတဲ့အခါမှာပေါ့

အရည်ပျော်တတ်ရုံနဲ့
ဖယောင်းတိုင် မဖြစ်ချင်ပါဘူး
သူတပါးကြောင့် အလင်းရောင်ရတဲ့အခါမှာပေါ့

ကျေးဇူးဆိုတတ်ရုံနဲ့
လူမဖြစ်ချင်ပါဘူး
သူတပါးရဲ့ အကူအညီကိုရတဲ့အခါတိုင်းမှာပေါ့

Wednesday, April 29, 2009

စွန့်လွှတ်ခြင်းအနုပညာ

ဒီဘက်မှောင်ရိပ်က
ကမ္ဘာတစ်ဘက်စွန်းကျလွန်းတယ်
please...
အထွတ်အမြတ်ဆိုတဲ့နေ့ကစလို့
မုတ်သုန်တွေ ပစ်စလက်ခတ်ဖြစ်ထွန်းတယ်
မရည်ရွယ်ဘဲ ခက်တဲ့ပုစ္စာရယ်
မှတ်မှတ်ရရ
အကွာအဝေးအစ
သင်္ခါရထဲ....... ။
တရံတခါ
ထိုအငွေ့အသက်ကို
ရှင်းရှင်းသန့်သန့်
မခံစားရတော့မှာမို့
နှမျောမိရုံ...တစ်ခုပါပဲ
အပ်ဖျားက ရက်ရက်စက်စက်ထက်တော့လည်း
လိပ်ပြာလေး ပျောက်သွားတယ်...
အဲဒီနေ့ကပေါ့..

Wednesday, March 11, 2009

မက်ခွင့်

၁......မသိလိုဘူး
၂......မသိချင်ဘူး
၃......မသိသင့်ဘူး
၎...............ဘူး
၅......၁ ကပြန်စပါ ။

နတ်သမီးတဲ့
လင်းလွန်းပင်ခြေရင်းက....
ပုံပြင်ထဲကလိုတော့
အပြစ်ကင်းမနေဘူး....
လိုချင်မှုတွေ
ထပ်ခါ ထပ်ခါပွင့်တယ်
သူမရဲ့ အနားမှာ.....
ဤပန်းမနမ်းရ
ကိုယ်တိုင်အဆိပ်သင့်နေတဲ့
ကျိန်စာတစ်ပုဒ်ပါ
ဒါဆို... တယောဆရာလည်း
ကိုယ်ချင်းစာတတ်ရောပေါ့
လှလှပပဖျားတတ်ဖို့
သဘာဝကသင်ပေးတယ်
ဒါပေမဲ့....
Who care?

Friday, January 30, 2009

ともだち

တစတစဝေးကွာသွားပြီ-
သော့ကလေးခတ်ထားပြီး
တစ်ယောက်တည်းဆို ဖြစ်မလား

ရှင်သန်ခြင်းနေ့ရက်တွေထဲ
နွေးထွေးမှုမှ မခံစားရရင်
ဒီအရိပ် ဘယ်လိုကြီးထွားမလဲ!

ကြောက်ဖို့ကောင်းတဲ့
ူလူသတ်သမားတွေလည်းရှိတယ်
ဓားကိုယ်စီကို
နောက်ကျောကနေ၀ှက်လို့ထားရဲ့
စိတ်အချင်းချင်းပေါင်းခဲ့သူမို့
ဘာတွေ ဘယ်လိုဆိုတာ
မတွက်ခဲ့မိပါဘူး
သြော်...ဖြစ်မှဖြစ်ရလေ...

Friday, January 9, 2009

Happy Birthday!

ဒီနေ့ မှာ Capricorn လေး လူ့လောကထဲ ရောက်လာပါတယ် :)
post တင်ဖို့ရာ ကဗျာစာအုပ် ပျောက်နေတဲ့ အတွက်...
သီချင်းပဲ လောလောဆယ်တင်ခဲ့ပါတယ်..
အားလုံးပဲ "make a wish..."