Saturday, December 27, 2008


ရေတစ်စက်ထက်
ဒီ ရေတစ်စက်ကျသံက
ပိုကျယ်လောင်တယ်
ယုံတမ်းစကားပြောကြေးဆို
ရင်ဘတ်ထဲက နားထောင်ပေးပေါ့
အရာရာဟာ
မိုင်ပေါင်းထောင်ချီဝေးတယ်တဲ့
ငါ့ကမ္ဘာအတွက်တော့
လတစ်စင်းပါပဲ
တွယ်တာခြင်းကြိုးမျှင်တွေ.....
ကျေးဇူးပြု၍
အဝေးမှာနေပေးပါ
ပင့်ကူတစ်ကောင်အသုံးဝင်ဖို့ဆို
ဘာဘောင်တွေ သတ်မှတ်ထားလို့လဲ ?

တိတ်တိတ်လေးပဲ ရပ်ပေးပါ
နံရံတစ်ဘက်မှာ....
ဝင်သက်ထွက်သက်ဖြစ်နေလိမ့်မယ်
ဘာပဲပြောပြောပေါ့......

Saturday, December 13, 2008

ဘာကိုစောဒကတက်နေရမလဲ
အယူခံ ၀င်ခွင့်တောင်မရတဲ့
ဒီအမှုမှာ.....

စီရင်ချက်ချပြီးတာတောင်
အိပ်မက် မက်ကောင်းတုန်း
ငါ့ဘက်ကလိုက်ပေးမဲ့ ရှေ့နေမရှိခဲ့ဘူးဘဲ...

တရားသူကြီး ကိုယ်တိုင်
တစ်ချက်လွှတ် ဆုံးဖြတ်ခဲ့တာလေ
ငြင်းချက်ထုတ်မှာစိုးလို့
မေးခွန်းတောင် မမေးခဲ့ဘူးတဲ့

ဘယ်လောက်ရယ်ဖို့ ကောင်းသလဲကွယ်
တရားလိုကနေ တရားခံဖြစ်သွားရပြီ
ဒီအမ့မှာ ဓါးစာခံလိုက်ရတာက နားတစ်ဖက်....

ကိုယ်မကျူးလွန်ရတဲ့ အမှု့အတွက်
ရလိုက်တဲ့ ပြစ်ဒါဏ်က
" နှလုံးသား" ကိုအဆုံးစီရင်ရန်တဲ့

ဘာပဲဖြစိဖြစ်လေ
ဘာမှမရှိတော့ရင်တောင်
လတစ်ခြမ်းတော့ ကျန်ပါသေးတယ်

Saturday, November 29, 2008

စင်္ကာပူ


One day a Singaporean tourist went to Thailand. The tourist ordered a lobster for his dinner. After he finished, he asked the waiter:

Tourist : Waiter, what can you do with this lobster shell?
Waiter :
We cannot do anything with it, we just throw away.
Tourist : Oh, no. In our country, we send it to the factory and produce some prawn cracker.

Then the Tourist ordered an orange. After he finished, he asked the waiter.
Tourist : What can you do with the orange peel?
Waiter :
We cannot do anything. We just throw away.
Tourist : Oh, no. In Singapore, we send it to the factory and produce some orange jam.

Then the tourist ordered some chewing gum. After he finished, he put on the plate and asked the waiter.
Tourist : What can you do with the chewing gum?
Waiter :
Oh, no. We just throw it away.
Tourist : In Singapore, we send it to the factory and produce Condom and send it to Thailand.

The tourist asked for the bill and the waiter came with the bill and asked the tourist.
Waiter :
What can you do with the condom when you finish using it?
Tourist : We cannot do anything. We throw it away.
Waiter :
In Thailand when we finish using the condom, we send it to the factory to produce chewing gum and send it back to Singapore!!"


(p.s) forward mail ပါပဲ.. မူရင်းအတိုင်းတင်ပေးလိုက်ပါတယ် :)
သိုးကလေးက
ဘာအလိုရှိပါသလဲတဲ့
အရာရာငြင်းခွင့်ရှိတဲ့ကိုယ်က
ဒီတစ်ခါတော့ မဖြေနိုင်ရှာတော့ဘူး....

နစ်တွယ်ခဲ့ဖူးတဲ့အတိတ်ကိုတောင်
ပြန်မစဉ်းစားမိဘူး
နောက်ပြန်လှည့်ကြည့်ရဲသူအတွက်
ဘာအခွင့်အရေးပြုရပါ့မလဲ ?
Venus တောင်ဖြေ၀ံ့မယ်မဟုတ်ဘူး
ပိုခက်ခဲမယ့်ပုစ္ဆာကိုတွက်ဖို့
သတ္တိရှိခဲ့တယ်ပဲဆိုဆို
နားလည်မှုသီအိုရီအကြောင်း
ချပြချင်လို့ပဲဆိုဆို.........
အဖြေမှန်ကို အမှတ်ခြစ်ပေးဖို့
တွန့်ဆုတ်နေရှာရဲ့.......
မှင်နီလေးလည်း ငိုပေါ့

Monday, November 17, 2008

ဧဒင်ဥယျာဉ်မှာတော့ ပန်းတွေပွင့်နေလေရဲ့
ပြာသိုရဲ့ကန္တာရမှာတော့ Oasis တောင်မရှိဘူး
ကောင်းကင်နဲ့မြေကြီး ဆုံးဖြတ်ချက်အတိုင်း
ကြယ်တွေ မကြွေရဘူးတဲ့လား
ဒါဆို အလင်းတန်းတွေကဘယ်သူ့ဆီကလဲ!
ကိုယ့်ကိုကိုယ်စတေးမယ်ဆိုရင်တောင်
ဘယ်စွမ်းအားရှင်ကမှ တားတော့မှာမဟုတ်ဘူး
ကုန်သွားမဲ့ချောကလက်ကမှ နှမျောစရာကြီး....

ကမ္ဘာမြေပြင်က ကြယ်တစ်ပွင့်
ကောင်းကင်ဆီတက်ချင်တယ်
အဲဒီအတွက် အရာရာကိုစွန့်လွှတ်ရမယ်
မက်မောစရာ အပ်ချည်မျှင်တောင်မပါသင့်ဘူး
အာဒမ်နဲ့ဧ၀အတွက် ထားခဲ့ပါ့မယ်

အဲဒီတစ်ချိန်မှာ
အားလုံး ကောင်းကင်မှာအလင်းတန်းတစ်ခု
မြင်ကြရမယ်
အဲဒီကျမှ တမ်းတမနေပါနဲ့တော့
ပေးဆပ်စရာရှိတာ ပေးဆပ်ခဲ့ပြီးပြီပဲ....
လိုမယ်ထင်တာ ချန်ထားခဲ့ပြီးပြီပဲ....
ယူချင်တဲ့အရာ ထားခဲ့ပြီးပြီပဲ....

အလွယ်တကူရပေမဲ့
တန်ဖိုးတော့ ထားစေချင်တယ်
ဘာလို့လဲဆိုတော့
အချစ်ဆိုတာ... သူလဲခံစားဖူးတယ်လေ

Friday, November 7, 2008

97.2 FM

ဖြူလွှနေတဲ့အရာတွေ
အမြဲတိတ်ဆိတ်နေမယ်တဲ့လား ?
ဖွင့်ဟဖို့မလိုတဲ့အခါ
အကြည့်တွေကို လွှဲလိုက်ပါ
နံရိုးတစ်ချောင်းက
တစ်ချောင်းကို စကားပြောတယ်တဲ့
အလေးထားမှုခြင်းတော့ ကွာတယ်မဟုတ်လား?

အချိန်တန်တော့
ငါ့ကမ္ဘာမှာ
အနီရောင် ဖုံးလွှမ်းပါစေ

ဟိုတစ်ဘက်ကမ်းက
စကြာဝဠာဖြစ်နေရင်တောင်
ဒီသတင်းစကားဟာ
အသင့်ဆီသို့ လွင့်ပါစေသား_

အဖြစ်မှန်

ဒီ နက္ခတ်ရဲ့ စောင်းတီးသံကို
သင် ကြားရပါသလား
နွေရာသီရဲ့ ကိုယ်ပိုင်သင်္ကေတဟာ
ဥသြလေးလိုပဲ
.......သင်တစ်ယောက်တည်းအတွက်
သီးသန့် တီးပြနေတာပါ
တေးသံက တိုးညှင်းလွန်းတော့လည်း
ကြားရမယ် မဟုတ်ဘူး
ငါကိုယ်က
သွေးအေးလွန်းတာပါ.....

(p.s) မင်းခိုက်စိုးစန် ရဲ့စကားလုံးကို.. သေလောက်အောင်..ခိုက်မိလို့ရေးဖြစ်ခဲ့တာ..
တိုက်လည်းတိုက်ဆိုင် ခဲ့လို့လေ..

Saturday, October 25, 2008

ငါ့ရင်ဘတ်ထဲမှာ မင်း.....
ပန်းတစ်ခင်းပျိုးခဲ့တယ်
ရောင်စုံပန်းတွေ ပွင့်ပါစေတဲ့

ငါကိုယ်တိုင်လည်း
ဆက်လက်ပျိုးနေမိတာပါပဲ

ပန်းပျိုးခဲ့တဲ့ သူရေ
မင်းလက်နဲ့ လာရိတ်သိမ်းလှည့်ပါဦး
ပန်းတွေတောင် လာရာလမ်းပြန်တော့မယ်

ကိုယ်တိုင် ရိတ်သိမ်းလို့မနိုင်တဲ့အတွက်
ပန်းပျိုးသူကို ရှာမိတယ်
ဟိုးဝေးဝေးတစ်နေရာမှာ....

အခြားသူရဲ့ရင်ဘတ်ထဲမှာ
မင်းပန်းတွေပျိုးပေးနေပါရော့လား
မင်းကတော့ မင်းလမ်းမင်းသွားနေလေရဲ့
နောက်ပြန်လှည့်ဖို့တောင် စိတ်ကူးမရှိဘူး...

ငါ့လက်ထဲမှာတော့
ပန်းတစ်ဆုပ်စာနဲ့ ထိုင်ငိုင်....
ပျိုးခင်းတစ်ခုလုံးရိတ်သိမ်းဖို့ရာ
မတတ်နိုင်တော့ပါဘူး....

အခုတော့
ပန်းတွေလည်း မြေခလို့.....
ဒီနေ၀င်သွားချိန်မှာ.....

ပန်းပျိုးမဲ့သူကို ကမ္ဘာတစ်ပါတ်စာမျှော်ရဦးမယ်
နောက်တစ်ခါ ပန်းပျိုးချိန်ရောက်ရင်တော့
ရောက်လာမဲ့သူက မင်းပဲလားဆိုတာ.....

Thursday, October 23, 2008

အနုပညာ ဆိုသည်မှာ -











































































































အင်မတန် လက်ရာမြောက်တဲ့.... platform 3D...ပုံတွေပါ....
(chalk drawing) ပါတဲ့ ..New York မှာ..ရှိတယ်လို့....
သိရပါတယ်
Capricorn

Wednesday, October 15, 2008

ကြယ်စုတွေကိုငေးရင်း
နက္ခတ်ရဲ့ကကွက်တွေ မှားတဲ့ပွဲကို
အရသာရှိရှိ ထိုင်ကြည့်ချင်တယ်
မင်းဆန္ဒကို ငါအသိအမှတ်ပြုချင်လို့ပါ ။

သေနင်္ဂဗျူဟာကို မတတ်ကျွမ်းလေတော့
အချစ်နဲ့ ဥပေက္ခာ စီးချင်းတိုက်ပွဲမှာ
မင်းကအသာစီးရနေတယ် ။

နောက်ဆုံးကျတော့
အိပ်မက်ရဲ့ ခွာသံတွေကို
ဘေးကထွက်ထိုင်ကြည့်နေရတဲ့အဖြစ် ။

လမသာမှဘဲ
ဒီရေကို ရင်ဆိုင်ရဲသလားလို့
မေးစမ်းပါရစေ...... ။

Wednesday, October 8, 2008


(p.s)ထုံးစံအတိုင်း forward mail လေးပါပဲ...

ရေးတဲ့သူမသိလို့...မူရင်းအတိုင်းတင်ပေးထားတာပါ

ဒီတစ်ခါ...တော့ ပြုံးပြုံးပျော်ပျော်...ဖြစ်သွားအောင်လို့

Thursday, October 2, 2008

ဘုရားသခင် နှင့် တံခါးစောင့်

မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"


ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

(p.s) Forward mail လေးကို...အားလုံးဖတ်ရအောင် ပြန်တင်ပေးလိုက်ပါတယ်

ဘဝ

ရှင်သန်ဆဲ အိပ်မက်တစ်ခုက
ဘ၀ကို အနိုင်ပိုင်းသွားခဲ့
စိတ်ဓါတ်တွေ ခေါင်းမငုံ့သေးခင်
လာရာလမ်းကို ပြန်လှည့်ကြစို့ရဲ့
ပေါ့ပေါ့လေးနဲ့ အခေါက်ခေါက်ရောက်တဲ့
နတ်ပြည်လား
လေဟုန်စီးသလို ပြန်ကျရင်တော့
အစက ပြန်စပစ်လိုက်မယ်
အဲဒီမှာ-
ရှင်သန်ဆဲ အိပ်မက်တစ်ခုက
ဘ၀ကို အနိုင်ပိုင်းသွားပြီ
Scorpio
(p.s) ချစ်သူငယ်ချင်း နက္ခတ်မလေး နဲ့ ဒုတိယအကြိမ် ပြန်ဆုံခြင်းပါ

Wednesday, October 1, 2008

သို့




တယောက်သောသူအတွက် (၅)အုပ်မြောက်ကဗျာစာအုပ်လေးထုတ်ဖြစ်ခဲ့ပါတယ်
ခုတော့ နှုတ်ဆက်တဲ့အနေနဲ့ ဒီသီချင်းပဲတင်လိုက်တာပါ...
ကဗျာရေးရလောက်အောင် ...ဘာမှထင်ကျန်မနေလို့လေ...Rihanna ရဲ့
Take A Bow ပါ...ဒါလေးက ခွန်အားတွေ...ဖြစ်စေတယ် :)

Tuesday, September 30, 2008

အပြင်လူ မ၀င်ရ

နင်ဟာ
မခေါ်ဘဲနဲ့ ငါ့နှလုံးသားထဲဝင်လာခဲ့တယ်
စကား တစ်ခွန်းတောင် မဟရသေးခင်......

အခုလည်း
မနှင်ဘဲနဲ့ ထွက်သွားပြန်ပြီ
နှုတ်ဆက်တဲ့ အရိပ်အယောင်တောင် မပြဘဲ.....

ဒီအတိုင်း ကျန်ခဲ့ရမှာထက်စာရင်
ငါမမျှော်လင့်တဲ့ စကားတစ်ခွန်းလောက်
ပြောခဲ့တာမှ
သိက္ခာရှိရှိ ရှုံးရမယ်.....

ငါနင့်ကို တောင်းဆိုတာမဟုတ်ပါဘူး
ရင်ထဲရှိတာ ချပြရုံသက်သက်ပါပဲ

အခုတော့
ဆိုင်းဘုတ်တစ်ခုတပ်ရဦးမယ်....

(p.s) ရေးဖူးသမျှထဲမှာ အနှစ်သက်ဆုံးကဗျာအဖြစ်...တစ်ပုဒ်အပါအ၀င်ပေါ့

Tuesday, July 29, 2008

မသက်ဆိုင်သူ

wishing

နံနက်ခင်း
အခုနေသာ
ငါ.....လိပ်ပြာလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းအနားကို ရုတ်ခနဲလာမိမှာပဲ
မင်းချစ်တဲ့သူဆီ phone ဆက်နေတာကို
ငါ မြင်ချင်လို့ပါ.......

နေ့လည်
အခုနေသာ
ငါ.....ပုစဉ်းလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းနံဘေးကို ဝေ့ကနဲလာမိမှာပဲ
မင်းကောင်မလေးနဲ့ စကားတင်းဆိုနေတာကို
ငါ ငေးကြည့်ရုံသက်သက်ပါ.......

ညဥ့်ဦးယံ
အခုနေသာ
ငါ.....ပိုးစုန်းကြူးတစ်ကောင်ဖြစ်လို့ရရင်
မင်းအပါးကို လှစ်ခနဲလာမိမှာပဲ
မင်းရဲ့ချစ်လှပါတယ်ဆိုတဲ့
ချစ်သူအကြောင်းတွေးနေတာကို
ငါ လာကြည့်ချင်လို့ပါ.......

ညလယ်
အခုနေသာ
ငါဟာ......လေညှင်းလေးဖြစ်လို့ရရင်
မင်းထံပါးကို........
မင်းသူမအကြောင်း အိပ်မက်မက်နေတာကို
ငါ ထိုင်ကြည့်ရုံသက်သက်ပါ.......

Monday, July 28, 2008

ကျေးဇူးပြု၍.....

အိပ်မက်ထဲတောင် ပါခွင့်မရရင်
ငါ့ရာဇ၀င်ကို ပြောင်းပြန်လှန်ပစ်လိုက်မယ်
အဲဒီအရောင်တွေ နောက်က
အဖြူရောင်ရှိလားပဲသိချင်တာ.....

အခါးတ၀က် အချိုတ၀က်လာမလုပ်နဲ့
ဆရာကျလွန်းမှန်းသိတယ်
ဗေဒင်သွားမေးစရာမလိုဘူး
ရိုးသားတဲ့ တပည့်ဖြစ်ခဲ့လားပဲ သိချင်တာ.......

လိုအပ်လို့ ရီစရာလုပ်တာလား
ဗီဇကိုကပါလို့လား
ငါ့ဇာတ်ခုံပေါ်တော့ ပျက်လုံးလာထုတ်တာရှောင်ပါ
ငါ့ဇာတ်လမ်းမှာ ငါပဲ မင်းသမီးဖြစ်ချင်လို့ပါ ။ ။

၃ နဲ့ ၎

(p.s) ဒါကလည်း မစန္ဒာရဲ့ဝတ္ထုထဲက ဇါတ်ကောင်ဖြစ်သွားသလို...

Sunday, July 27, 2008

ဧည့်သည်

ဧည့်သည်ဆိုတာ ခဏတာပဲတည်းခွင့်ရသူပါ
အချိန်တန်ရင် အိမ်ကိုပြန်ရသတဲ့
အိမ်ရှင်မှ မဟုတ်တာဘဲလေ.........

ဧည့်သည်.......
အလည်သာလာပါ
ရက်စက်ခါးသီးမှုတွေ ချန်မထားခဲ့ပါနဲ့
အိမ်ရှင်အတွက်ကောင်းမွန်တဲ့လက်ဆောင် မပါရင်တောင်မှ......

အခိုက်အတန့် လာမယ့်သူရေ........
မင်းယူလာမယ့် ကံကောင်းခြင်းလက်ဆောင်အတွက်
ပေးဖို့ မထိုက်တန်ရင်တောင်မှ
ပြန်ချိန်တန်ရင် လှည့်ပြန်သွားပါ
နောက်တစ်ခေါက် လာမလည်ခင်အထိ
အိမ်ရှင်က ဧည့်ဝတ်ကျေစေရပါမယ်လေ

(p.s) ဒီကဗျာက မစန္ဒာရဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကြိုက်လို့ပြန်ခံစားထားတာပါ
ကဗျာစာအုပ်လေးကို ဖတ်ဖူးတဲ့သူဆို စာပိုဒ်တစ်ပိုဒ်ကျန်ခဲ့တာလားလို့
တွေးနိုင်လောက်တယ်နော်
ခု blog မှာပြန်တင်တဲ့အခါ မနှစ်သက်တော့လို့ တမင်ဖြုတ်ခဲ့တာပါ...

ဝန်ခံခြင်း

ဆုံတွေ့ခဲ့ရတာက အမှတ်မထင်ဆိုပေမယ့်
ကွာဝေးရပြီဆိုတော့ မှတ်မှတ်ရရပဲ။
ဘယ်သူက ဘယ်သူ့ကို
စပြီး လှည့်စားခဲ့တာလဲ?
ဒါတွေငါမသိဘူး..........
ငါသိတဲ့ အချိန်မှာ
မင်းနဲ့ငါက သိပ်ကို ကွာခြားခဲ့ပြီပဲ။
ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရရင်
ပြန်မရနိုင်တဲ့ အတိတ်တစ်ချိန်ကို
ငါပြန်ရောက်ချင်တယ်။
သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေစစ်သလို
ဘယ်အချိန်ကစပြီး
မင်းနဲ့ငါ ဝေးခဲ့တယ်ဆိုတာကို
ပြန်ကြည့်ချင်ပါရဲ့။
မဖြစ်နိုင်တာကို တမ်းတနေတာ
ရူးမိုက်တာပဲ ဆိုရင်
ငါ ရိုးသားစွာ ၀န်ခံမယ်
ငါ မင်းအတွက် ရူးသွပ်ခဲ့ရပြီလေ ။ ။
Leo
(p.s) ဒါက Leo နက္ခတ်မလေးရဲ့ လက်ရာ

Saturday, July 26, 2008

ကျေးဇူးတင်ပါတယ်...

Epiphyllum



Epiphyllum ပန်းဟာ တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ၄.၅ နာရီသာ ကြာမြင့်တဲ့ပန်းမျိုးဖြစ်တယ်....တစ်သက်မှာ တစ်ခါသာ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး....ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တ္တိကိုပဲ သူထုတ်ပြခဲ့တယ်.......

* ကိုယ်တကယ်ချစ်တဲ့သူနဲ့ ဆုံရတဲ့အခါ ...သူနဲ့တစ်သက်တာ လက်တွဲနိုင်ဖို့ ကြိုးစားပါ....သူမရှိတော့ရင် အရာအားလုံးနှောင်းသွား လိမ့်မယ်

* ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင် နိုင်ဖို့ ကြိုးစားပါ....ဘ၀တစ်လျှောက်မှာ ကိုယ့်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ဆုံဖို့ ဆိုတာ မလွယ်လှဘူး

* ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ....သူဟာကိုယ့်ဘ၀ကို လှည့်ပြောင်းပေးသူ ဖြစ်လို့ပါပဲ

* ကိုယ်ချစ်ခဲ့ဖူးတဲ့သူနဲ့ဆုံတဲ့အခါ ပြုံးပြပြီးကျေးဇူးတင်ကြောင်းပြောပြပါ......သူ့ကြောင့်အချစ်ကို ပိုနားလည်ခဲ့လို့ပါပဲ

* ကိုယ်မုန်းခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ......သူ့ကြောင့်ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ

* ကိုယ်နဲ့အတူနေနေတဲ့ ကိုယ့်ကိုအဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ.....သူ့ကြောင့် ပျော်ရွှင်ကြည်နူးတဲ့ ချစ်ခြင်းမေတ္တာတွေ ကိုယ်ရနေလို့ပါပဲ

* ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ......သူ့ကြောင့်လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ

* ကိုယ်တိတ်တခိုးချစ်ခဲ့သူနဲ့ဆုံတဲ့အခါ သူပျော်ရွှင်ဖို့တောင်းဆုပြုပါ......သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ

* ကိုယ့်ကိုထားခဲ့တဲ့လူနဲ့ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ.....ကိုယ့်ဘ၀မှာ အမှတ်တရ ခြေရာလေး တွေ ထင်ကျန်အောင် သူနင်းလျှောက်ခဲ့လို့ပါ

တစ်ခါပဲ ဖြစ်ခွင့်ရတဲ့ဘ၀မှာ လုပ်ခွင့်ရတဲ့အခွင့်အရေးဟာလည်း တစ်ခါပဲရှိတယ်.......




(p.s) Forward mail ထဲက ရထားတာလေးကို ပြန်တင်လိုက်တာပါ.....ပန်းရဲ့ မူလပေါက်ဖွားရာဒေသက central and south Africa ..ပြီးတော့ Mexico ပါတဲ့... ဂရိဘာသာနဲ့epiphyllum =upon the leaf ပါ ..ညကျမှ ပွင့်လို့ 'Queen of the night' လို့လည်းတင်စား ကြပါတယ်...ခုနောက်ဆုံးပေါ်နည်းများနဲ့ စနစ်တကျ ပြု့စုပျိုးထောင်ထားတဲ့ပန်းကတော့ ပွင့်ပြီး ၂ ရက်လောက် ခံတယ်လို့ သိရပါတယ်...ရေခဲသေတ္တာထဲမှာ ထိန်းသိမ်းရင်တော့ ၁ လ ထိခံတယ်လို့ဆိုပါတယ်ရှင်..အထက်ကပုံစံလေးက 'follow your heart' တဲ့ ပန်းရောင်ပန်း ပုံစံကိုတော့ 'hidden love'လို့ ခေါ်ပါတယ်တဲ့..

Friday, July 25, 2008

မွေးနေ့ လက်ဆောင်....



ဒီနေ့ 25 ရက်..July ဆိုတဲ့ 6 လ မြောက်ရာသီစက်ဝန်းမှာ..ကျရောက်တဲ့
သူငယ်ချင်းတစ်ယောက်ရဲ့
မွေးနေ့ အတွက်ပါ..Capricorn အကြိုက်ဆုံး
သီချင်းတစ်ပုဒ်ပေါ့...'လာခြင်းကောင်းသော လူလေးဖြစ်ပါစေ'...
အခြားသောမွေးနေ့ရှင်များလည်း

စိတ်ချမ်းသာစွာ အိပ်မက်တွေကို ထုဆစ်ပုံဖော်နိုင်ပါစေလို့.... :)

Thursday, July 24, 2008

မျက်လုံးက မျက်ရည်တွေက
ရင်ထဲက ငိုကြွေးမှုကို ဘယ်မှီပါ့မလဲ
ဒါပေမယ့် 'နင့်အတွက်' ဆိုတာ နောက်ဆုံးပဲ......
အလိုမရှိတော့ပါ ဆိုတာကို
သတင်းစာထဲက အတိအလင်းမကြေညာပေမယ့်
သိတတ်ပါသေးတယ်
တခြားလူမှ မဟုတ်တာ......

ကောင်းကင်ကလည်း ကြည်ကြည်လင်လင်ပါပဲ
တူ တူ တူ ဆိုတဲ့မြည်သံအဆုံးမှာတော့
မဲမှောင်သွားခဲ့တာ
မိုးလေ၀သ ခန့်မှန်းချက် မဖတ်မိတာ
ငါ့အပြစ်.....

ကြိုးပြတ်သွားမှတော့
ကမ်းကခွာရုံပဲပေါ့
တတိယဆိပ်ကမ်းကို ရောက်တဲ့အထိ
ရွက်လွှင့်လိုက်ဦးမယ်

Wednesday, July 23, 2008



ကောင်မလေးတစ်ယောက်နဲ့ခင်ဖူးတယ်
သိလား

အပြုံးတုကို ထည်လဲသုံးတယ်

ဟန်ဆောင်တာတော့ မဟုတ်လောက်ဘူး
ဖုံးဖိတာဖြစ်မယ်.....

စကားပြောရင်တန်ဆာဆင်တယ်

လိမ်ညာတာတော့ မဟုတ်လောက်ဘူး

ကွေ့ဝိုက်တာဖြစ်မယ်......


ခံစားချက်ကို မဖော်ပြဘူး

လျှို့ဝှက်တာမျိုး ဘယ်ဟုတ်မလဲ
မေ့ချင်တာဖြစ်မယ်......

အမြဲပျော်ရွှင်နေသယောင်လုပ်ထားတယ်

အပူအပင်မရှိဘူးတော့ ဘယ်ဟုတ်မလဲ

မတွေးချင်တာဖြစ်မယ်.....


သူမကို
အမြဲတမ်း 'အတု' တွေနဲ့ပတ်သက်နေတာ
တွေ့ရတယ်

အတုအယောင်ပန်းလေးတစ်ပွင့်ပေါ့

Plastic ပန်းလည်း မဟုတ်ပါဘူး.......


မထင်မှတ်တာတစ်ခုက........

'နှလုံးသားအစစ်' တစ်ခုရှိနေတယ် ။ ။

Tuesday, July 22, 2008

အနိုင် = အရှုံး

“ပိုင်ရှင်ရှိသည်” လို့
ဆိုင်းဘုတ်ဆွဲထားတဲ့ အရာကိုမှ
သွားရင်ခုန်မိတဲ့ အဖြစ်....

အရိပ်ကို လိုချင်ရုံသက်သက်နဲ့တော့
သစ်ပင်ကို ခုတ်ပစ်ဖို့
မလိုအပ်ပါဘူး

ရယူခြင်းနဲ့ ပေးဆပ်ခြင်းကို
တစ်ဘက် (၁၁) ယောက်နဲ့ကစားခိုင်းလိုက်တယ်
ပွဲကတော့ ကောင်းခဲ့ပါရဲ့
ဒါပေမယ့်
“သတ်မှတ်ချိန်” နဲ့ “ဒိုင်လူကြီး”
မေ့ကျန်ရစ်ခဲ့တယ်

လမ်းသစ်ကိုဖောက်ခဲ့ကာမှ
ပင်လယ်နဲ့လာတွေ့နေတယ်
အလွမ်းဆိုတဲ့
မိုးစက်တွေမကျခင်
နွေဦးကိုနောက်ပြန်လှည့်ပစ်လိုက်မယ်

Gemini
(p.s) ဒါက နက္ခတ်မလေး Gemini ရဲ့လက်ရာ
ပုံပြင်လေးတစ်ပုဒ် နားထောင်လိုက်ရတယ်
ပုံပြင်ပါဆိုမှ
နားထောင်လို့တော့ သိပ်ကောင်းတာပေါ့........

ဟိုးရှေးရှေးတုန်းကပေါ့ လို့တော့
အစမချီပါဘူး
တစ်ထောင့်တစ်ညလိုလည်း မကြာပါဘူး
နားနဲ့ကြားလိုက်တော့
ယုံချင်သေးတာ..........

ပုံပြင်ကလည်း အဆုံးမသတ်သေးပါဘူး
ပုံပြောသူက ရပ်ထားလို့လေ
အဲဒီတော့မှ ပုံပြောနေပါလားဆိုတာရိပ်မိတယ်......

ပုံပြောကောင်းသူတစ်ယောက်ပေါ့
တစ်ခါတုန်းက ရှိခဲ့တယ်.......

Monday, July 21, 2008

ငါဟာ သစ်ရွက်တစ်ရွက်ဖြစ်ခဲ့တုန်းက
သူ့ရဲ့အရှေ့မှာ ဝေ့၀ဲကျလိုတယ်
သစ်ရွက်သိက္ခာ မစောင့်ထိန်းဘဲ
မာနသစ်ပင်ကနေ ငါခွာခဲ့ပေါ့
ခြောက်သွေ့သွေ့ ရော်ရွက်ဝါဖြစ်ဖို့လည်း
နေမင်းဆီမှာ ဆုတောင်းခဲ့ရ
လေနတ်သားကို အကူအညီတောင်းလို့လည်း
သူ့အနားကို လွင့်ပါးခဲ့ရ
သူ့ခြေဖ၀ါးအောက် ငါကျရောက်တော့
စမ်းချောင်းလေးထဲ ပစ်ချခံလိုက်ရ
ရေစီးလေးရယ် ထပ်ကူညီပါဦး
သူနဲ့ ဝေးရာဆီကိုပေါ့

Virgo
(p.s) Virgo နက္ခတ်မလေးရဲ့ ရင်တွင်းဖြစ်ပါ...သူမကဗျာတွေထဲမှာမှ
ကျွန်မအကြိုက်ဆုံး..လည်းဖြစ်ပါတယ်..

လွဲချော်မှု

တစ်ယောက်သောသူက ပျော်ရွှင်ချိန်
တစ်ယောက်(မက)သောသူက ငိုကြွေးနေရတယ်

သူရှင်သန်ဖို့ အစပျိုးချိန်
သူကြွေလွင့်ဖို့ နိဒါန်းဖြစ်လာတယ်

အချစ်ကြောင့် ကြည်နူးရချိန်
အချစ်ကြောင့် ကြေကွဲရတယ်

တဒင်္ဂဖြစ်သော ပျော်ရွှင်မှုကိုမက်မောနေချိန်
တဒင်္ဂမကကြာမြင့်မဲ့ ဝမ်းနည်းမှုကိုလက်ခံနေရတယ်

ပိုင်ဆိုင်မှုကို ရရှိချိန်မှာ
ဆုံးရှုံးမှုကို ခံစားရတယ်

လိုချင်တဲ့အရာကို ရယူနေချိန်မှာ
လိုချင်တဲ့အရာကို စွန့်လွှတ်ခဲ့ရတယ်

ကိုယ့်နောက်ကွယ်က မေတ္တာကိုသူသိချိန်မှာ
အရာရာဟာ နောက်ကျသွားမယ်............

လက်တစ်စုံ

မလာပါနဲ့လို့ မတားပါဘူး
လာစေချင်ခဲ့တာကိုး.....။
ငါ့ရဲ့လမင်းကိုတော့
တိမ်ဖုံးထားခွင့်ပြုပါ......။
ငါ့နှလုံးသားက
ခပ်ယိုင်ယိုင်လေးပါပဲ
အများကြီးချစ်ဖို့ မလိုပါဘူး
အချိန်ကြာကြာ ချစ်စေချင်တာ
ခွင့်လွှတ်မှုကို မလိုချင်ဘူး
နားလည်မှုကိုပဲ လိုချင်တာ
မျှော်လင့်ချက်ကိုတော့ မတူးဆွပါနဲ့
ငါးမျှားတာကို မုန်းလို့ပါ
မိုးက အငြိုးကြီးတယ်
ငါကရော......(ဟင့်အင်း)
တောင်ပံရှိရက်နဲ့
အပျံခက်တာတော့ ၀န်ခံပါတယ်.....။
ငါ တံခါးမခေါက်ချင်ဘူး
ဖွင့်တာကိုပဲ စောင့်နေတာ......။

Aries
(p.s) Aries ဆိုတဲ့နက္ခတ်မလေးရဲ့ကဗျာပါ...

Sunday, July 20, 2008


သွားပါတော့ ငှက်ငယ်ရယ်
မင်းသီကျူးမယ့် သီချင်းသံစဉ်တွေကိုလည်း နားမဆင်ချင်ပါဘူး

သွားပါတော့ ဆောင်းလေညှင်းရယ်
မင်းပေးမယ့်  အေးမြခြင်းတွေကိုလည်း ငါအလိုမရှိပါဘူး

သွားပါတော့ ပျားပိတုန်းလေးရယ်
မင်းရဲ့ရစ်ဝဲခြင်းကိုခံရဖို့ ၀တ်ရည်တွေမရှိသေးပါဘူး

သွားပါတော့ လိပ်ပြာငယ်ရယ်
မင်းလူးလာခေါက်ပြန် စိတ်ကြိုက်ခိုနားတဲ့ ပန်းတွေထဲမှာငါမပါဘူး

သွားပါတော့ ကောင်းကင်ပြာရယ်
မင်းပေးမယ့် လုံခြုံမှုကိုလည်းငါမမက်မောပါဘူး

သွားပါတော့
tulip ရယ်
မင်းရှင်သန်ပေါက်ဖွားရမယ့် နေရာဟာငါ့ဆီမှာမဟုတ်ဘူး

တောင်းပန်ပါတယ်...
အရာအားလုံး ငါ့ဆီကထွက်ခွာပြီးတဲ့နောက်
အခုချိန်မှာ တစ်ခုပဲအလိုရှိပါတယ်
အဲဒါက...
နွေးထွေးတဲ့အလင်းရောင်စဉ်တွေပေးမယ့် ရှင်နေမင်းကိုပေါ့


(p.s) တက္ကသိုလ်မှာ မေဂျာတူ Library သူငယ်ချင်း (၆)ယောက်နဲ့ ...စပြီးထုတ်ဖြစ်ခဲ့တဲ့“နက္ခတ်တို့ရဲ့ ဆုံမှတ်”
ဆိုတဲ့ကဗျာစာအုပ်လေးထဲကပါ..မှတ်မှတ်ရရ..ဒီကဗျာပါပြီး
နောက်ပိုင်း
သျှင်နေမင်း ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်..ရောဂါထသွားကြောင်း

ပြန်သိရလို့..ဘယ်သူ့ကိုမှ..ရည်ရွယ်တာ မဟုတ်ကြောင်း ကြိုတင်ပြောပါရစေ.. :)

Saturday, July 19, 2008


အရေးပါတယ် မပါဘူးဆိုတာ

ဝစ္စနှစ်လုံးပေါက်ပဲ ခြားတယ်

အဲဒီကြယ်ဆီရောက်ဖို့
မိုးပျံပူဖောင်းဖြစ်စရာ မလိုပါဘူး
ဆန္ဒမှာ
ဘာကွန့်မြူးမလဲနဲ့ပဲဆိုင်တယ်

မနက်ခင်းကိုဝင်ဖို့
စိတ်ကူးသက်သက် တံခါးခေါက်နေရင်လည်း
သိပ်ကိုပင်ပန်းနေဦးမယ်
မငိုပါနဲ့ကွယ်
သမုဒ္ဒရာဆိုတာ မျက်ရည်ကလာတာမဟုတ်ဘူး

လက်ခံတတ်ရင်
နေကောင်းသွားမယ်
ကိုယ်တို့မြို့မှာ - ၆နာရီဆိုလင်းတဲ့
မီးတွေလိုပေါ့ ......



လောကကြီးက မတရားတာလား
မောင်က မငဲ့ညှာတတ်တာလား

လောကကြီးက ပရိယာယ်များတာလား
မောင်က အရှုပ်တွေလုပ်တာလား

လောကကြီးက ဥပေက္ခာသမားလား
မောင်က အသည်းနှလုံးမရှိတာလား

တောင်းဆိုတတ်ရင်
ထောက်ထားတတ်ရတယ် မောင်ရဲ့
ပြန်ပေးစရာမလိုဘူး
ချစ်တတ်ဖို့ပဲ လိုတယ်
သနားစရာမလိုဘူး
နားလည်ပေးဖို့ပဲ လိုတယ်
သစ္စာရှိစရာမလိုဘူး
ဘာဆိုတာသိဖို့ပဲလိုတယ်

ဘယ်သူတွေ ဘာပြောပြော
မောင့်ဘက်က ရပ်တည်ပေးတဲ့အခိုက်မှာ
မ အသက်ရှုသံကိုတော့ အားနာတတ်ဖို့ကောင်းတယ် ။ ။