Saturday, December 27, 2008


ရေတစ်စက်ထက်
ဒီ ရေတစ်စက်ကျသံက
ပိုကျယ်လောင်တယ်
ယုံတမ်းစကားပြောကြေးဆို
ရင်ဘတ်ထဲက နားထောင်ပေးပေါ့
အရာရာဟာ
မိုင်ပေါင်းထောင်ချီဝေးတယ်တဲ့
ငါ့ကမ္ဘာအတွက်တော့
လတစ်စင်းပါပဲ
တွယ်တာခြင်းကြိုးမျှင်တွေ.....
ကျေးဇူးပြု၍
အဝေးမှာနေပေးပါ
ပင့်ကူတစ်ကောင်အသုံးဝင်ဖို့ဆို
ဘာဘောင်တွေ သတ်မှတ်ထားလို့လဲ ?

တိတ်တိတ်လေးပဲ ရပ်ပေးပါ
နံရံတစ်ဘက်မှာ....
ဝင်သက်ထွက်သက်ဖြစ်နေလိမ့်မယ်
ဘာပဲပြောပြောပေါ့......

3 comments:

Anonymous said...

တိတ်တိတ်လေးကြေကွဲနေရမှာလားဟင်

capricorn said...

အစ်ကိုကတော့ လုပ်ပြီ..

Anonymous said...

ခေါင်းစဉ်မရှိတဲ့ ကဗျာလေးက စကားလုံးတွေက နုနုညံ့ညံ့လေးး =)