Friday, January 30, 2009

ともだち

တစတစဝေးကွာသွားပြီ-
သော့ကလေးခတ်ထားပြီး
တစ်ယောက်တည်းဆို ဖြစ်မလား

ရှင်သန်ခြင်းနေ့ရက်တွေထဲ
နွေးထွေးမှုမှ မခံစားရရင်
ဒီအရိပ် ဘယ်လိုကြီးထွားမလဲ!

ကြောက်ဖို့ကောင်းတဲ့
ူလူသတ်သမားတွေလည်းရှိတယ်
ဓားကိုယ်စီကို
နောက်ကျောကနေ၀ှက်လို့ထားရဲ့
စိတ်အချင်းချင်းပေါင်းခဲ့သူမို့
ဘာတွေ ဘယ်လိုဆိုတာ
မတွက်ခဲ့မိပါဘူး
သြော်...ဖြစ်မှဖြစ်ရလေ...

1 comment:

Unknown said...

ဒီလိုအဖြစ်ဆိုးမျိုးတွေက လွတ်ကင်းနိုင်ပါစေဗျာ..။

ကဗျာက တိုပေမယ့် တော်တော်လေးကို ထိရောက်တဲ့ အရေးအသားပါပဲ...။ :)