Wednesday, October 15, 2008

ကြယ်စုတွေကိုငေးရင်း
နက္ခတ်ရဲ့ကကွက်တွေ မှားတဲ့ပွဲကို
အရသာရှိရှိ ထိုင်ကြည့်ချင်တယ်
မင်းဆန္ဒကို ငါအသိအမှတ်ပြုချင်လို့ပါ ။

သေနင်္ဂဗျူဟာကို မတတ်ကျွမ်းလေတော့
အချစ်နဲ့ ဥပေက္ခာ စီးချင်းတိုက်ပွဲမှာ
မင်းကအသာစီးရနေတယ် ။

နောက်ဆုံးကျတော့
အိပ်မက်ရဲ့ ခွာသံတွေကို
ဘေးကထွက်ထိုင်ကြည့်နေရတဲ့အဖြစ် ။

လမသာမှဘဲ
ဒီရေကို ရင်ဆိုင်ရဲသလားလို့
မေးစမ်းပါရစေ...... ။

3 comments:

Anonymous said...

အိပ်မက်နဲ့  ခွာသံ
လ နဲ့  ဒီရေ
စကားလုံးတွေယှဉ်တွဲထားတာ အရမ်းလှတယ်
မရောက်တာလည်းကြာသွားတယ် အဆင်ပြေတယ်ဟုတ် ။

chanye` said...

ကဗျာရေးတာ ဆရာပဲပဟ..လေးစားသွားပီ

ဗီလိန် said...

လကွယ်ရင် ဒီရေကိုဘာလုပ်မှာလဲဟင်။ :P