Saturday, October 25, 2008

ငါ့ရင်ဘတ်ထဲမှာ မင်း.....
ပန်းတစ်ခင်းပျိုးခဲ့တယ်
ရောင်စုံပန်းတွေ ပွင့်ပါစေတဲ့

ငါကိုယ်တိုင်လည်း
ဆက်လက်ပျိုးနေမိတာပါပဲ

ပန်းပျိုးခဲ့တဲ့ သူရေ
မင်းလက်နဲ့ လာရိတ်သိမ်းလှည့်ပါဦး
ပန်းတွေတောင် လာရာလမ်းပြန်တော့မယ်

ကိုယ်တိုင် ရိတ်သိမ်းလို့မနိုင်တဲ့အတွက်
ပန်းပျိုးသူကို ရှာမိတယ်
ဟိုးဝေးဝေးတစ်နေရာမှာ....

အခြားသူရဲ့ရင်ဘတ်ထဲမှာ
မင်းပန်းတွေပျိုးပေးနေပါရော့လား
မင်းကတော့ မင်းလမ်းမင်းသွားနေလေရဲ့
နောက်ပြန်လှည့်ဖို့တောင် စိတ်ကူးမရှိဘူး...

ငါ့လက်ထဲမှာတော့
ပန်းတစ်ဆုပ်စာနဲ့ ထိုင်ငိုင်....
ပျိုးခင်းတစ်ခုလုံးရိတ်သိမ်းဖို့ရာ
မတတ်နိုင်တော့ပါဘူး....

အခုတော့
ပန်းတွေလည်း မြေခလို့.....
ဒီနေ၀င်သွားချိန်မှာ.....

ပန်းပျိုးမဲ့သူကို ကမ္ဘာတစ်ပါတ်စာမျှော်ရဦးမယ်
နောက်တစ်ခါ ပန်းပျိုးချိန်ရောက်ရင်တော့
ရောက်လာမဲ့သူက မင်းပဲလားဆိုတာ.....

2 comments:

Anonymous said...

ကျနော်ဆိုရင်တော့ ပန်းတွေမပျိုးရင်နေပါစေတော့ ထိခွင့်ကိုင်ခွင့်မျက်စိနဲ့ကြည့်ခွင့်တောင်မပေးချင်တော့ဘူး။

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသားလေးပြောသလိုပါပဲ။ ကမ္ဘာတပတ်စာအကြာ နောက်တခါ ပန်းပျိုးချိန်မှာ ပြန်လာမယ်ဆိုရင်တောင် အဲဒီသူတော့ မဖြစ်စေချင်တော့ဘူး။ ကဗျာလေးက လှလှလေး ညီမလေးရေ...