Monday, June 22, 2009

တုံ့ ပြန်မှု သီအိုရီ


  • စိတ်ကူးတွေ သက်တမ်းကုန်ဆုံးသွားတဲ့အခါ
  • အတောင်ပံတွေ ရေစိုသွားတဲ့အခါ
  • ဆန္ဒတွေ နာကျင်သွားတဲ့အခါ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်
ပုံသွင်းဖန်တီးချင်ပေမဲ့
ဗလာထည်သက်သက်ကိုမှ
ရှေ့ရောက်ချင်ဇောနဲ့
တစ်လှမ်းတိုးဖြစ်နေတာ.....
ဒီဘူတာမှ ရပ်မယ်လို့
ဥသြဆွဲထားပေမဲ့
အလံပြတဲ့သူကမရှိရှာဘူး
ဒီလိုနဲ့ပဲ
အကျင့်ပါနေတဲ့
သွေးကြောတွေက
ရီတယ်.....

No comments: