Monday, June 22, 2009

စိုးထိတ်မှု

အလင်းရောင်လေး မြင်တဲ့အခါ
မှုန်တလှည့်
ပြာတလှည့်.....
ရာသီဥတုက ကိုယ့်ဘက်ပါတယ်လို့
ဘယ်တော့မှ မတွေးတော့ဘူး-
သူ့ရဲ့ အဖြေမသိတဲ့ ပုစ္ဆာတွေကို
တွက်မိတဲ့ အခါ
နေရာလေးတောင်ရှိပါ့မလားဆိုပြီး
ပင့်သက်ရှိုက်မိတာလည်း
မိုးသောက်တယ်
လရိပ်ကျတာခြင်းအတူတူ
ကြယ်တွေမမြင်ရဘူး
ကိုယ်က အရှေ့ဘက်ခြမ်းမှာရပ်နေမိတာကိုး
အာဒမ်က သူ့ရဲ့ နံရိုးတစ်ချောင်းကို
ချစ်တယ်လို့ ပြောခဲ့ပါသလား?
သြော်......
ကျမ်းစာတောင် ကံကောင်းနေပါ့ရော...
ဒီလိုနဲ့ တစ်ပွင့် နှစ်ပွင့်ကြွေ......

No comments: