Friday, November 7, 2008

97.2 FM

ဖြူလွှနေတဲ့အရာတွေ
အမြဲတိတ်ဆိတ်နေမယ်တဲ့လား ?
ဖွင့်ဟဖို့မလိုတဲ့အခါ
အကြည့်တွေကို လွှဲလိုက်ပါ
နံရိုးတစ်ချောင်းက
တစ်ချောင်းကို စကားပြောတယ်တဲ့
အလေးထားမှုခြင်းတော့ ကွာတယ်မဟုတ်လား?

အချိန်တန်တော့
ငါ့ကမ္ဘာမှာ
အနီရောင် ဖုံးလွှမ်းပါစေ

ဟိုတစ်ဘက်ကမ်းက
စကြာဝဠာဖြစ်နေရင်တောင်
ဒီသတင်းစကားဟာ
အသင့်ဆီသို့ လွင့်ပါစေသား_

1 comment:

Unknown said...

ဒီ FM လိုင်းကိုတော့ ကြိုက်သွားပြီဗျာ...။