Monday, November 17, 2008

ဧဒင်ဥယျာဉ်မှာတော့ ပန်းတွေပွင့်နေလေရဲ့
ပြာသိုရဲ့ကန္တာရမှာတော့ Oasis တောင်မရှိဘူး
ကောင်းကင်နဲ့မြေကြီး ဆုံးဖြတ်ချက်အတိုင်း
ကြယ်တွေ မကြွေရဘူးတဲ့လား
ဒါဆို အလင်းတန်းတွေကဘယ်သူ့ဆီကလဲ!
ကိုယ့်ကိုကိုယ်စတေးမယ်ဆိုရင်တောင်
ဘယ်စွမ်းအားရှင်ကမှ တားတော့မှာမဟုတ်ဘူး
ကုန်သွားမဲ့ချောကလက်ကမှ နှမျောစရာကြီး....

ကမ္ဘာမြေပြင်က ကြယ်တစ်ပွင့်
ကောင်းကင်ဆီတက်ချင်တယ်
အဲဒီအတွက် အရာရာကိုစွန့်လွှတ်ရမယ်
မက်မောစရာ အပ်ချည်မျှင်တောင်မပါသင့်ဘူး
အာဒမ်နဲ့ဧ၀အတွက် ထားခဲ့ပါ့မယ်

အဲဒီတစ်ချိန်မှာ
အားလုံး ကောင်းကင်မှာအလင်းတန်းတစ်ခု
မြင်ကြရမယ်
အဲဒီကျမှ တမ်းတမနေပါနဲ့တော့
ပေးဆပ်စရာရှိတာ ပေးဆပ်ခဲ့ပြီးပြီပဲ....
လိုမယ်ထင်တာ ချန်ထားခဲ့ပြီးပြီပဲ....
ယူချင်တဲ့အရာ ထားခဲ့ပြီးပြီပဲ....

အလွယ်တကူရပေမဲ့
တန်ဖိုးတော့ ထားစေချင်တယ်
ဘာလို့လဲဆိုတော့
အချစ်ဆိုတာ... သူလဲခံစားဖူးတယ်လေ

1 comment:

Anonymous said...

အလွယ်တကူရပေမဲ့
တန်ဖိုးတော့ ထားစေချင်တယ်
ဘာလို့လဲဆိုတော့
အချစ်ဆိုတာ... သူလဲခံစားဖူးတယ်လေ

ကြိုက်တယ်ဗျာ ဟုတ်တယ်
အလွယ်တကူရပေမဲ့ တန်ဖိုးတော့ထားစေချင်ပါတယ်