
မီးခိုးရောင်မှိုင်းနေကြပြီ
ကောင်းကင်ရဲ့ ဆန္ဒကို သတိမပြုမိဘဲ
လှိုက်လှဲစွာ ၀ဲပျံခဲ့ဖူးပြီ......
လက်တွေ ဖြုတ်ချပေးပါ
တဆိတ်သွားပါရစေ
အိပ်မက်တွေ အရောင်ပြောင်းတဲ့အခိုက်
အလှည့်အပြောင်းလေးဖြစ်အောင်....
ထားလိုက်ပါ
ဘယ်သူဘယ်ဝါမှန်းမသိတော့
အလင်းဆိုတာလည်း မလိုအပ်ပါဘူးလေ။ ။
3 comments:
ကဗျာကတိုတယ်...။ ဒါပေမယ့် ရင်ထဲကို တည့်တည့်မတ်မတ်ရောက်တယ်..။ တကယ်ကို တိုက် တိုက်ဆိုင်ဆိုင်ပဲ...။ ရင်ထဲက ခံစားနေရတာတွေကို ဖော်ပြလိုက်ပေးလိုက် သလိုခံစားရတယ်...။
sis
မိုက်၏....
နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပါပဲ...
“ထားလိုက်ပါ
ဘယ်သူဘယ်ဝါမှန်းမသိတော့
အလင်းဆိုတာလည်း မလိုအပ်ပါဘူးလေ။ ။” တဲ့...
စိတ်ထဲမှာ တမျိုးလေးနဲ့ တခုခုကျန်ခဲ့တယ်...
Post a Comment