Saturday, July 19, 2008


အရေးပါတယ် မပါဘူးဆိုတာ

ဝစ္စနှစ်လုံးပေါက်ပဲ ခြားတယ်

အဲဒီကြယ်ဆီရောက်ဖို့
မိုးပျံပူဖောင်းဖြစ်စရာ မလိုပါဘူး
ဆန္ဒမှာ
ဘာကွန့်မြူးမလဲနဲ့ပဲဆိုင်တယ်

မနက်ခင်းကိုဝင်ဖို့
စိတ်ကူးသက်သက် တံခါးခေါက်နေရင်လည်း
သိပ်ကိုပင်ပန်းနေဦးမယ်
မငိုပါနဲ့ကွယ်
သမုဒ္ဒရာဆိုတာ မျက်ရည်ကလာတာမဟုတ်ဘူး

လက်ခံတတ်ရင်
နေကောင်းသွားမယ်
ကိုယ်တို့မြို့မှာ - ၆နာရီဆိုလင်းတဲ့
မီးတွေလိုပေါ့ ......

1 comment:

အိတာ said...

အရင်အတိုင်းပါပဲအမရေ....
အေးဆေးပေါ့