အိပ်မက်ထဲတောင် ပါခွင့်မရရင်
ငါ့ရာဇ၀င်ကို ပြောင်းပြန်လှန်ပစ်လိုက်မယ်
အဲဒီအရောင်တွေ နောက်က
အဖြူရောင်ရှိလားပဲသိချင်တာ.....
အခါးတ၀က် အချိုတ၀က်လာမလုပ်နဲ့
ဆရာကျလွန်းမှန်းသိတယ်
ဗေဒင်သွားမေးစရာမလိုဘူး
ရိုးသားတဲ့ တပည့်ဖြစ်ခဲ့လားပဲ သိချင်တာ.......
လိုအပ်လို့ ရီစရာလုပ်တာလား
ဗီဇကိုကပါလို့လား
ငါ့ဇာတ်ခုံပေါ်တော့ ပျက်လုံးလာထုတ်တာရှောင်ပါ
ငါ့ဇာတ်လမ်းမှာ ငါပဲ မင်းသမီးဖြစ်ချင်လို့ပါ ။ ။
Hello world!
6 years ago
2 comments:
လောဘတွေ သိပ်မကြီးနဲ့  ညီမရေ့း) ဇတ်ရံလည်း အဆင်ပြေပါတယ် ကျနော်ဆို အမြဲတမ်းဇတ်ရံပဲ ။
လောဘကြီးတာ ဖြစ်ကောင်းဖြစ်မှာပေါ့
အစ်ကိုရေ..စိတ်နာလို့ပါ..
ကိုယ့်ဇာတ်လမ်းမှာတောင်သူများ
အကယ်ဒမီရအောင် ပံပိုးပေးရမှာလား ;(
Post a Comment