
လောကကြီးက မတရားတာလား
မောင်က မငဲ့ညှာတတ်တာလား
လောကကြီးက ပရိယာယ်များတာလား
မောင်က အရှုပ်တွေလုပ်တာလား
လောကကြီးက ဥပေက္ခာသမားလား
မောင်က အသည်းနှလုံးမရှိတာလား
တောင်းဆိုတတ်ရင်
ထောက်ထားတတ်ရတယ် မောင်ရဲ့
ပြန်ပေးစရာမလိုဘူး
ချစ်တတ်ဖို့ပဲ လိုတယ်
သနားစရာမလိုဘူး
နားလည်ပေးဖို့ပဲ လိုတယ်
သစ္စာရှိစရာမလိုဘူး
ဘာဆိုတာသိဖို့ပဲလိုတယ်
ဘယ်သူတွေ ဘာပြောပြော
မောင့်ဘက်က ရပ်တည်ပေးတဲ့အခိုက်မှာ
မ အသက်ရှုသံကိုတော့ အားနာတတ်ဖို့ကောင်းတယ် ။ ။
1 comment:
တောင်းဆိုခွင့်တွေရှိဖို့ ဆိုတာ
ထောက်ထားနားလည်နိုင်တဲ့သူရှိမှအရာရောက်တာပါအမ..
အဆင်ပြေသွားမှာပါ..
Post a Comment