Sunday, July 27, 2008

ဧည့်သည်

ဧည့်သည်ဆိုတာ ခဏတာပဲတည်းခွင့်ရသူပါ
အချိန်တန်ရင် အိမ်ကိုပြန်ရသတဲ့
အိမ်ရှင်မှ မဟုတ်တာဘဲလေ.........

ဧည့်သည်.......
အလည်သာလာပါ
ရက်စက်ခါးသီးမှုတွေ ချန်မထားခဲ့ပါနဲ့
အိမ်ရှင်အတွက်ကောင်းမွန်တဲ့လက်ဆောင် မပါရင်တောင်မှ......

အခိုက်အတန့် လာမယ့်သူရေ........
မင်းယူလာမယ့် ကံကောင်းခြင်းလက်ဆောင်အတွက်
ပေးဖို့ မထိုက်တန်ရင်တောင်မှ
ပြန်ချိန်တန်ရင် လှည့်ပြန်သွားပါ
နောက်တစ်ခေါက် လာမလည်ခင်အထိ
အိမ်ရှင်က ဧည့်ဝတ်ကျေစေရပါမယ်လေ

(p.s) ဒီကဗျာက မစန္ဒာရဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကြိုက်လို့ပြန်ခံစားထားတာပါ
ကဗျာစာအုပ်လေးကို ဖတ်ဖူးတဲ့သူဆို စာပိုဒ်တစ်ပိုဒ်ကျန်ခဲ့တာလားလို့
တွေးနိုင်လောက်တယ်နော်
ခု blog မှာပြန်တင်တဲ့အခါ မနှစ်သက်တော့လို့ တမင်ဖြုတ်ခဲ့တာပါ...

No comments: