Tuesday, July 29, 2008

မသက်ဆိုင်သူ

wishing

နံနက်ခင်း
အခုနေသာ
ငါ.....လိပ်ပြာလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းအနားကို ရုတ်ခနဲလာမိမှာပဲ
မင်းချစ်တဲ့သူဆီ phone ဆက်နေတာကို
ငါ မြင်ချင်လို့ပါ.......

နေ့လည်
အခုနေသာ
ငါ.....ပုစဉ်းလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းနံဘေးကို ဝေ့ကနဲလာမိမှာပဲ
မင်းကောင်မလေးနဲ့ စကားတင်းဆိုနေတာကို
ငါ ငေးကြည့်ရုံသက်သက်ပါ.......

ညဥ့်ဦးယံ
အခုနေသာ
ငါ.....ပိုးစုန်းကြူးတစ်ကောင်ဖြစ်လို့ရရင်
မင်းအပါးကို လှစ်ခနဲလာမိမှာပဲ
မင်းရဲ့ချစ်လှပါတယ်ဆိုတဲ့
ချစ်သူအကြောင်းတွေးနေတာကို
ငါ လာကြည့်ချင်လို့ပါ.......

ညလယ်
အခုနေသာ
ငါဟာ......လေညှင်းလေးဖြစ်လို့ရရင်
မင်းထံပါးကို........
မင်းသူမအကြောင်း အိပ်မက်မက်နေတာကို
ငါ ထိုင်ကြည့်ရုံသက်သက်ပါ.......

5 comments:

Anonymous said...

အင်း သက်ဆိုင်သူသို့က သီချင်း
မသက်ဆိုင်သူက ကဗျာ

ရွှေပြည်သူ (ShwePyiThu) said...

ရေးထားတာလေးက လွမ်းစရာလေး။ ဖတ်လို့ကောင်းတဲ့ ကဗျာလေးပါပဲ ညီမလေးရေ...

witnyin said...

wow!
မိုက်တယ်.... (KFC) :P

Anonymous said...

အချစ်က ကဗျာနုနုလေးတွေ ရေးတက်စေတယ်တဲ့ အစ်မတစ်ယောက်ပြောဖူးတဲ့ စကား ကောင်းတယ် ညီမရေ့ အားပေးနေတယ် ။

အိတာ said...

အားပါးပါးမိုက်တယ်..ဆက်သာရေးးးး