တစ်ယောက်သောသူက ပျော်ရွှင်ချိန်
တစ်ယောက်(မက)သောသူက ငိုကြွေးနေရတယ်
သူရှင်သန်ဖို့ အစပျိုးချိန်
သူကြွေလွင့်ဖို့ နိဒါန်းဖြစ်လာတယ်
အချစ်ကြောင့် ကြည်နူးရချိန်
အချစ်ကြောင့် ကြေကွဲရတယ်
တဒင်္ဂဖြစ်သော ပျော်ရွှင်မှုကိုမက်မောနေချိန်
တဒင်္ဂမကကြာမြင့်မဲ့ ဝမ်းနည်းမှုကိုလက်ခံနေရတယ်
ပိုင်ဆိုင်မှုကို ရရှိချိန်မှာ
ဆုံးရှုံးမှုကို ခံစားရတယ်
လိုချင်တဲ့အရာကို ရယူနေချိန်မှာ
လိုချင်တဲ့အရာကို စွန့်လွှတ်ခဲ့ရတယ်
ကိုယ့်နောက်ကွယ်က မေတ္တာကိုသူသိချိန်မှာ
အရာရာဟာ နောက်ကျသွားမယ်............
Hello world!
6 years ago
No comments:
Post a Comment