Tuesday, July 22, 2008

အနိုင် = အရှုံး

“ပိုင်ရှင်ရှိသည်” လို့
ဆိုင်းဘုတ်ဆွဲထားတဲ့ အရာကိုမှ
သွားရင်ခုန်မိတဲ့ အဖြစ်....

အရိပ်ကို လိုချင်ရုံသက်သက်နဲ့တော့
သစ်ပင်ကို ခုတ်ပစ်ဖို့
မလိုအပ်ပါဘူး

ရယူခြင်းနဲ့ ပေးဆပ်ခြင်းကို
တစ်ဘက် (၁၁) ယောက်နဲ့ကစားခိုင်းလိုက်တယ်
ပွဲကတော့ ကောင်းခဲ့ပါရဲ့
ဒါပေမယ့်
“သတ်မှတ်ချိန်” နဲ့ “ဒိုင်လူကြီး”
မေ့ကျန်ရစ်ခဲ့တယ်

လမ်းသစ်ကိုဖောက်ခဲ့ကာမှ
ပင်လယ်နဲ့လာတွေ့နေတယ်
အလွမ်းဆိုတဲ့
မိုးစက်တွေမကျခင်
နွေဦးကိုနောက်ပြန်လှည့်ပစ်လိုက်မယ်

Gemini
(p.s) ဒါက နက္ခတ်မလေး Gemini ရဲ့လက်ရာ

3 comments:

ကလိုစေးထူး said...

ကျနော် ဒီကဗျာကို ကြိုက်တယ်။

Anonymous said...

နှစ်ယောက် စလုံး ကဗျာရေးတော်ကြတယ် ပိုင်ရှင်ရှိတယ်ဆိုတဲ့ အရာကိုမှ ရင်ခုန်မိတဲ့ အဖြစ် ဟုတ်တယ် တော်တော် ခံရခက်တယ် ။

Blogger said...

Hello Everyone,

Below are the most recommended Bitcoin exchangers (Bitcoin for CASH):
Coinbase: $1 minimum trade
CoinMama

Get free Bitcoins with the best BITCOIN faucet rotator:
BEST Faucet Rotator