မျက်လုံးက မျက်ရည်တွေက
ရင်ထဲက ငိုကြွေးမှုကို ဘယ်မှီပါ့မလဲ
ဒါပေမယ့် 'နင့်အတွက်' ဆိုတာ နောက်ဆုံးပဲ......
အလိုမရှိတော့ပါ ဆိုတာကို
သတင်းစာထဲက အတိအလင်းမကြေညာပေမယ့်
သိတတ်ပါသေးတယ်
တခြားလူမှ မဟုတ်တာ......
ကောင်းကင်ကလည်း ကြည်ကြည်လင်လင်ပါပဲ
တူ တူ တူ ဆိုတဲ့မြည်သံအဆုံးမှာတော့
မဲမှောင်သွားခဲ့တာ
မိုးလေ၀သ ခန့်မှန်းချက် မဖတ်မိတာ
ငါ့အပြစ်.....
ကြိုးပြတ်သွားမှတော့
ကမ်းကခွာရုံပဲပေါ့
တတိယဆိပ်ကမ်းကို ရောက်တဲ့အထိ
ရွက်လွှင့်လိုက်ဦးမယ်
Hello world!
6 years ago
2 comments:
ညီမ တတိယဆိပ်ကမ်းက ၀င်းဝင်းလတ်လား သင်းသင်းသာလား?
ကဗျာလေး ကောင်းတယ် ညီမရေ့ ပို့ စ်ခေါင်းစဉ် မေ့ခဲ့တယ်ထင်တယ် သထိထားနော့် ခေါင်းမပါတော့ တစ်မျိုးကြီးဖြစ်နေသလားလို့  ဟိဟိ ဆြာလုပ်တာ အကူညီလိုရင်ပြော တက်သလောက်တော့ ပွားပေမယ်း)
Post a Comment